ကျွန်တော် blog တခုတည်ဆောက်လိုက်ပါတယ်.ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါ.ကျွန်တော်က ပညာရှင်တယောက်မဟုတ်ပါဘူး.၀ါသနာအရသာ blog ဆောက်ခြင်းဖြစ်သလို ကျွန်တော်သိတဲ့အနည်းငယ်သော အသိလေးတွေ
.၀ါသနာတူ ညီအစ်ကိုမောင်နှမတွေ အတွက်တထောင့်တနေရာကနေ အကူအညီပေးလိုခြင်းကြောင့်သာ blog တည်ဆောက်ရခြင်းဖြစ်ပါတယ်...ကျွန်တော့ရဲ့ ၀မ်းရေးအလုပ်နဲ့
ဒီဘလော့နဲ့ လုံးဝ မပတ်သက်ပါ....
အဝေးရောက် သူငယ်ချင်းမိတ်ဆွေတွေ လုပ်ငန်းဆက်စပ်တဲ့
ညီအစ်ကိုတွေရဲ့ လိုအပ်ချက်လေးတွေကို read linkတွေ .download link တွေ တင်ပေးဖို့သာဖြစ်ပါတယ်.blog
ဆိုပေမဲ့ ၀န်ဆောင်မှုဦးစားပေးပုံစံပါပဲ....မိတ်ဆွေတို့ရဲ့
လိုအပ်ချက်တွေကို ဖုန်းဆက်လှမ်းပြောပေးပါ...ကျွန်တော်ကလည်း online မှာlink တွေရှာမယ် download ဆွဲ ဖို့လိုကဆွဲမယ်...upload တင်မယ် ပြီးရင်ညီအစ်ကိုတို့ အတွက် download link ချပေးမယ် ဒါပါပဲ ရိုးရှင်းတယ်.
...ကျွန်တော့ဘလော့မှာ လိုအပ်ချက် အမှားအယွင်း လေးတွေရှိရင် အကြံပြုပေးကြပါဦး..၀န်ဆောင်မှု လိုအပ်ချက်လို့မြင်ပေးပါ ပြင်ပေးပါ...ကျွန်တော့် blog app vision အသစ်တွေထပ်ပြီးလုပ်ပါဦးမယ် ကျွန်တော့်ရဲ့ သင်ဆရာ
Blogger ကြီးတွေရဲ့ blog တွေနဲ့ချိတ်သင့်ချိတ်ရပါမယ်.
....အခုခေတ်ရေစီးအရ..ဈေးကွက်အရ..မိတ်ဆွေတွေရဲ့
စိတ်ဝင်စားမှုအရ အလှုပ်ရှားဆုံးက mobile technology
ပါ...အဲ့မှာက ဆော့ဝဲ နဲ့ ဟတ်ဝဲ လို့အခြေခံ သိထား ကြ ပါတယ်.သင်တန်းတွေလည်းခပ်များများပါပဲ သင်တန်းသား
သင်တန်းဆင်းတွေဆို တော်တော်များလွန်းပါတယ်.တော်တော်သိတဲ့သူတွေရှိသလို မသိတသိတွေလည်းရှိတယ်
ကျွန်တော့်လို ( ဘာမျှမသိတဲ့ ) လူတော့မရှိပါဘူးဗျာ.....
...နည်းပညာဆိုတာ အားလုံးပိုင်သောအရာတခုပါ သို့သော်
တယုတယ မြတ်မြတ်နိုးနိုးတန်ဖိုးထားသူသာ ဦးဆောင်တာပါ.....
ဇေယျာ
No comments:
Post a Comment