Web Site (Blog) တစ်ခုဘယ်လိုတည်ဆောက်ကျသလဲ ??
=========================================
Website တစ်ခုတည်ဆောက်တဲ့အခါ တစ်ခုနဲ့တစ်ခုမတူညီကျပါဘူး။
Google မှာ တစ်ခုခု Search လိုက်တာနဲ့ Website ပေါင်းများစွာ တွေ့ရပေမဲ့
အဲ့ Website တွေရဲ့တည်ဆောက်ပုံတွေဟာတစ်ခုခုနဲ့မတူညီကျပါဘူး။ HTML
CSS Javascript အစရှိတာနဲ့မသိနားမလည်လဲ ကိုယ်ပိုင် blog တစ်ခုကို
Forum တစ်ခုခုကိုလွယ်လွယ်နဲ့တည်ဆောက်နိုင်ကျပါတယ်။
Google Blogger ဖြင့် Blog တည်ဆောက်ခြင်း
===============================
တော်တော်များများတည်ဆောက်ကျတာကိုတွေ့ရပါတယ်။ ဘာကြောင့်အသုံများ
လဲဆိုတော့ Google ရဲ့ Server ပေါ်မှာအခမဲ့
တည်ဆောက်ခွင့်ရရှိတာကြောင့်ပါ။ တည်ဆောက်ရတာ လွယ်ကူတယ်.
https://www.blogger.com/ မှာ
အကောင့်ဖွင့်ရုံနဲ့ (Gmail ရှိပြီးသားဖြစ်ရပါမယ်)
ကိုယ်ပိုင် Blog လေး ရရှိလာမှာဖြစ်ပါတယ်။ Blog အတွက် Free Template
လေးရှာဖွေပြီးအလွယ်တကူထည့်သွင်းနိုင်သလို Gadgets လေးတွေကို
အခမဲ့ရှာဖွေထည့်သွင်းနိုင်ပါသေးတယ်။ မိမိရဲ့ Blog Domain နာမည်မှာ
blogspot.com လိုပါနေပေမဲ့ ကိုယ်ပိုင် Domain တစ်ခုဝယ်ယုပြီး
ပြောင်းလဲနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ (ကျွှန်တော်အမြင်)
Google Server ပေါ်မှာဖြစ်တဲ့အတွက် ကိုယ်ပိုင်မဟုတ်ဘူးလို့ခံစားရပါတယ်။
ဘယ်အချိန်ပိတ်မှန်းမသိတဲ့ Data တွေဆုံးရူံးမှာကြောက်တာပေါ့။
ဘယ်လိုလူတွေအသုံးများလဲဆိုတော့ Online မှာစာသီးသန့်ရေးချင်တဲ့သူတွေ
အတွက်အသုံးဝင်ပါတယ်။ Web Technology ကို သီးသန်လေ့လာစရာ
မလိုအပ်တော့ပဲ အလွယ်တကူအသုံးပြုနိုင်ပါတယ်။
CMS များဖြင့် Blog,Forum များတည်ဆောက်ခြင်း
==================================
CMS ဆိုတာကတော့ Content management system လို့ခေါ်ပြီး အသင့်သုံး
Web App တွေကိုဆိုလိုတာပါ။ CMS တွေကို အသုံးပြုဖို့အတွက်ကတော့
မိမိကိုယ်ပိုင် Web Hosting တစ်ခုရှိရပါမယ်။ Shared Hosting ကိုအသုံးပြူတာ
များပါတယ်။ Shared Hosting ဆိုတာကတော့ Server တစ်ခုကို အတူတူတကွ
မျှဝေအသုံးကျတာမျိုးကိုဆိုလိုတာပါ။ ဥပမာ ပေးရမယ်ဆိုရင်တော့ တိုက်ခန်း
တစ်ခန်းကို အခန်းလေးတွေခွဲပြီးမျှဝေအသုံးပြုသလိုမျိုးပေါ့။ အခန်းတစ်ခု
ပြသာနာတက်တာနဲ့ကျန်အခန်းတွေပါ အခြေအနေမကောင်းဘူးပေါ့ဗျာ။
ဒီအပြင်အခြား VPS Server ၊ Dedicated server များမှာလဲ
အသုံးပြူနိုင်ပါသေးတယ်။ Shared Hosting ကတော့ ဈေးသက်သာတယ်။
နှစ်စဉ်ကြေး 40$ ၀န်းကျင်လောက်ဆိုအသုံးပြုနိုင်သည့်အပြင် Control Panel
(CP Panel) ပါပြီးသားဖြစ်တဲ့ အတွက်အသုံးပြုရလွယ်ကူပါတယ်။
သာမန် Blogger တစ်ယောက်အနေနဲ့ Wordpress,joomla အစရှိတဲ့ CMS
တွေကို One Click ဖြင့် Install ပြုလုပ်နိုင်ပါတယ်။ subdomain ခွဲတာတွေ
အပြင် Database အစရှိတာတွေကအစ အလွယ်တကူအသုံးပြုနိုင်တယ်။
Wordpress အသုံးပြုလိုပါက HTML,CSS,Java Script အစရှိတဲ့ Web
Technology တွေကိုနားလည်စရာမလိုပဲ လွယ်လွယ်အသုံးပြုနိုင်ပါတယ်။
Web Developer များအတွက်ကတော့ ပြုပြင်ရေးသားနိုင်ပါသေးတယ်။
Wordpress သွင်းမယ် ပြီးရင် Free or Paid Themes လေးတွေရှာထည့်မယ်။
မိမိလိုအပ်တဲ့ Plugin လေးတွေထည့်မယ်။ ဒါဆိုရင်စာကောင်းကောင်းရေးနိုင်
တဲ့ ကိုယ်ပိုင် Blog လေးအလွယ်တကူရနိုင်ပါတယ်။ C Panel ကနေ
Database Backup လုပ်တာတွေ Wordpress တစ်ခုလုံး Backup လုပ်တာ
တွေအလွယ်တကူလုပ်နိုင်တယ်။ကိုယ်ပိုင် Hosting လေးဖြစ်လို့ ပိုပြီး
စိတ်ချမ်းသာတယ်လို့ဆိုနိုင်တယ်။ Forum ကိုကော ဘယ်လို
တည်ဆောက်ကျမလဲ။ Forum CMS တွေကလဲ Wordpress CMS လိုပဲ
အလွယ်တကူထည့်သွင်းနိုင်ရန် phpBB ၊ smf ၊ Discuz အစရှိတဲ့ Forum CMS
တွေဆို အခမဲ့ရနိုင်ပါတယ်။ Web Developer တွေရေးသားထားတဲ့ Mod တွေပါ
အလွယ်တကူ Download ရယူနိုင်ပါတယ်။ Front-end , Back-end
ဘာမှစဉ်းစားစရာမလိုပဲ အလွယ်တကူသုံးနိုင်တယ်။ Security ပိုင်းတော့
သတိထားပေါ့ဗျာ။ Open Source CMS တွေဖြစ်တဲ့ အတွက် အနည်းနဲ့အများ
Exploits တွေတော့ရှိမှာပါပဲ။ CMS ဆိုသုံးပြီးတော့ Member Ship Web Site
တွေ Gold စနစ် Website လေးတွေလုပ်နိုင်ပါတယ်။ Wordpress CMS
ကိုသုံးပြီး www.mmsdromfinder.com ကို တည်ဆောက်ထားတာပါ။
လိုအပ်တဲ့ Plugin တွေကိုရှာပြီး စမ်းသပ်တည်ဆောက်ကြည့်ပါ။
Framework များဖြင့် WebSite များရေးသားခြင်း
=================================
ဒီအပိုင်းကတော့ သာမန်စာရေးချင်တဲ့သူတွေအတွက်အဆင်မပြေပါဘူး။
မိမိစိတ်ကြိုက် Web တစ်ခုလုံးကို ပုံဖော်ရေးသားရမှာုဖြစ်တဲ့ အတွက်
Programming နားလည်ဖို့လိုအပ်ပါတယ်။ Framework တွေကလဲအများကြီး
ရှိပါတယ်။ php framework တွေဖြစ်တဲ့ Symfony ၊ CodeIgniter ၊ Laravel
တို့အပြင်အများကြီးရှိနေပါသေးတယ်။ ဒါ့အပြင် Ruby On Rails တို့ asp.net
တို့အဲ့ဟာတွေလဲရှိပါသေးတယ်။
Web တစ်ခုရေးဖို့အတွက်
လိုအပ်ချက်တွေကတော့
Front-end (User တွေရဲ့အမြင်အပိုင်းပေါ့
ဥပမာ - Site ၀င်ဝင်ခြင်း Pop up ပြတာတို့ Silde Show ပြတာတို့ အစရှိတာလေးတွေပေါ့)
Back-end (Slide Show ပြဖို့ပုံတွေကို Database ကထုတ်ပေးတာတို့ Front-end မှာတွေ့ရမဲ့ စာတွေပုံတွေကို ထုတ်ပေးတာမျိုးတို့ပေါ့)
Front-end မှာ ဘာ Language တွေနဲ့ရေးကျသလဲ
====================================
Front-end မှာတော့ HTML ၊ CSS ၊ Java Script အစရှိတာနဲ့ပေါင်းစပ်ပြီး
ရေးသားရပါတယ်။ HTML အနေနဲ့ button တွေ table တွေအစရှိတာတွေ
ရေးမယ် ပြီးရင် CSS နဲ့အလှဆင်မယ်။ Javascript နဲ့ Progress Loading
တို့ Real Time ပြချင်တာကို User ကို ပြမယ်။ Browser ကို Refresh မလုပ်ပဲ
တစ်ခုခုပြီးလုပ်ဆောင်တာမျိုးပေါ့။ ဥပမာ Pcloud တို့ Mediafire တို့မှာ
Browser ကို Refresh လုပ်စရာမလိုပဲ အကုန်နီးပါးပြူလုပ်လို့ရတယ်။
Front-end Framework အနေနဲ့ ကျွှန်တော်အသုံးပြူတာကတော့ bootstrap
သုံးတယ်။ အခြားအသုံးပြုနိုင်တာကတော့ Foundation ၊ Sementic UI ၊
Pure By Yahoo ၊ အစရှိတာတွေရှိပါသေးတယ်။ Java Script Framework
တွေလဲအများကြီးရှိပါတယ်။ Angular.js,React,Polymer,Ember.js,Vue.js
အများကြီးပဲ ဘာရွေးရမလဲ မသိသေးဘူး :3
Back-End Technology
=================
Back-end မှာကတော့ ကျွှန်တော်သုံးတာ Laravel Framework ပါ။ php
framework အမျိုးအစားဖြစ်တယ်။ အခုလက်ရှိလဲ လူသုံးများတဲ့ Framework
အမျိုးအစားပါ။ Composer ကနေ မိမိလိုအပ်တဲ့
package လေးတွေသွင်းနိုင်တယ်။ artisan command တွေနဲ့
database migrate၊crud၊ လုပ်ရတာအဆင်ပြေတယ်။ Shared Hosting ထက်
Vps Server မှာပိုပြီးအဆင်ပြေတယ်။ ကိုယ်စိတ်ကြိုက်ရေးလို့ရတဲ့
အတွက် CMS တွေထက်စိတ်တိုင်းကျမယ်။
www.wheremyfirwmare.com က Laravel နဲ့ရေးထားတာပါ။ Front-end
နဲ့ javascript အားနည်းနေပါသေးတယ် :(
ဒါကတော့ Web အပိုင်းသိသလောက် ပြောပြပေးတာပါ။
Web စတင်လေ့လာတဲ့ လူတစ်ယောက်က ဘာကိုစပြီးလေ့လာရမှန်းမသိတာ
တော်တော်ဆိုးပါတယ်။ Android ၊ ios ၊ Desktop App Programming
တွေကိုလေ့လာတဲ့သူတွေက IDE တစ်ခုပေါ်မှာ UI ဆောက်တာကအစ App
Web ကတော့ ဘယ်ကစလေ့လာရမလဲ
မသိတာများတယ်။ ကျွှန်တော်လဲလေ့လာဆဲဆိုတော့ ပြန်ပြီး Share ပေးတာပါ။
Credit.ရေးသားသူ - ဖြိုးချမ်း (MMSD)
https://www.facebook.com/phyo.chan.12
DECEMBER
No comments:
Post a Comment