DECEMBER

DECEMBER

Friday, May 13, 2016

Mobile ဖြင့်​ website ​ရေးသားခြင်း

“စမတ်ဖုန်းဖြင့်Website ရေးမည်”

Website တကယ်တမ်းရေးသည့်အခါယခင်ကဆိုလျှင်HTML နှင့်CSS တို့ကို နားလည်ရန်လိုသည်။သာမန်လူတစ်ယောက်HTML သုံး၍Website ရေးတတ် ရန်နှစ်ပတ်ခန့်လေ့ကျင့်ယူရမည်။ယင်းနောက်ပိုင်းတွင်မူမည်သည့်ကွန်ပျူ
တာဘာသာစကားမှသိစရာတတ်စရာမလိုတော့ဘဲWebsite အသင့်ရေး နိုင်သည့်tool များပေါ်လာသည်။WYSWYG (What you see is what you Get) ဟုခေါ်သောစနစ်ဖြစ်သည်။ယင်းစနစ်သည်လွန်ခဲ့သည့်ငါးနှစ်ခန့်က အထိကွန်ပျူတာများပေါ်တွင်သာသုံး၍ရခဲ့သည်။ယခုမူAndroid တက်ဘလက် များနှင့်စမတ်ဖုန်းများပေါ်မှနေ၍Website ရေးနိုင်သောစနစ် ရောက်ရှိလာပါပြီ။Androidစမတ်ဖုန်းပေါ်မှနေ၍Website ရေးခွင့်ရစေ သောappမှာWeeblyဟုခေါ်သည်။အခမဲ့ရနိုင်သောapp ဖြစ်သည်။Website တစ်ခုအပီအပြင်ရေးနိုင်စွမ်းပေးသောappမျိုးPlaystoreပေါ်တွင်များများစားစားမရှိပါ။Website ရေးရန်သုံးနိုင်ပါသည်ဟုဆိုသောappအတော်များများမှာ အရွယ်အစားကြီးပြီးလုပ်ရကိုင်ရခက်ပါသည်။ကျေးဇူးတင်စရာကောင်းသည်မှာWeeblyသည်လုပ်စရာကိုင်စရာအတော်များများကိုဇာမချဲ့ဘဲရိုးရိုးရှင်းရှင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။ယင်းappသည်မိမိ၏ Website ကိုမိမိ နှစ်သက်သည့်အသွင်အပြင်မျိုးနှင့်ခံစားမှုမျိုးရအောင်စိတ်ကြိုက် လုပ်နိုင် သည့် option များစွာထည့်သွင်းပေးထားပါသည်။Website အလွယ်ရေးလိုသူ အတော်များများမှာHTML နှင့်CSS လေ့လာရန်အချိန်မရှိသဖြင့်အမြင်နှင့် တော်သလိုရေးသောWebsite တို့သည်အမှန်တကယ်တတ်သူ အကြမ်းထည် မှ စ၍ရေးသောWebsite လောက်မကောင်း။ထို့ကြောင့်စိတ်ကြိုက်ပြုပြင် စရာoption များထည့်ပေးလိုက်ခြင်းကအဆင်ပြေမှုရှိစေပါသည်။

Website ရေးဖူးသည့်အတွေ့အကြုံလည်းမရှိ၊အတတ်ပညာလည်းမရှိခဲ့ သဖြင့် အားငယ်စရာမလိုပါ။အလယ်အလတ်တန်းစမတ်ဖုန်းတစ်လုံးရှိ မည်။အချိန်နာရီဝက်ခန့်ပေးနိုင်မည်ဆိုလျှင်အတော်အသင့်အနေအထား Website တစ်ခုရေးနိုင်ပါပြီ။ပထမဆုံးWeeblyကိုGoogle play store ပေါ်တက်၍download ဆွဲချပါမည်။Mobogeneနှင့်One mobile website များတွင်လည်းရနိုင်ပါသည်။Version တစ်ဆင့်နိမ့်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါ သည်။Weeblyကအခမဲ့ဖြစ်သည့်အပြင်install လုပ်ရန်အတွက်လည်းအချိန် များများ မယူပါ။Weeblyအသုံးပြုခြင်းနှင့်ပတ်သက်၍ အကြံပြုစရာ တစ်ချက် ရှိပါသည်။ယင်းမှာတတ်နိုင်သမျှအရွယ်အစားကြီးသောစမတ်ဖုန်း (အနည်း ဆုံး ၅.၅လက်မ) ကိုသုံးရန်ဖြစ်ပါသည်။တက်ဘလက်သုံးလျှင်ပိုကောင်း ပါသည်။ သို့မှသာမိမိရေးသောWebsite ကိုလှည့်ပတ်ကြည့်ရှုရန်ပို၍အဆင် ပြေပါမည်။WeeblyကိုPlay Store မှာတိုက်ရိုက်install လုပ်ပေးသည်ဖြစ်၍ လုပ်ငန်းစဉ်ပြီးလျှင်ယင်းကိုဖွင့်ပါ။လုပ်ငန်းစဉ်စရန်အသင့်ဖြစ်ပါမည်။
Websiteတစ်ခုမရေးမီဦးစွာaccount တစ်ခုပြုလုပ်ရန်လိုပါသည်။ယင်း account အသစ်ကိုFacebook account သို့မဟုတ်Google account (Gmail account) သုံး၍sign in ၀င်နိုင်ပါသည်။ဘာတစ်ခုမှမရှိလျှင်create a new account မှစရပါမည်။အွန်လိုင်းaccount အတွက်တောင်းသမျှအချက် အားလုံးမှာမည်သည့်Website အတွက်မဆိုအတူတူနီးပါးဖြစ်ပါသည်။ ထို့ကြောင့်မိမိအတွက်အဆင်ပြေမည့်ပုံစံတစ်ခုအသေပြုစုထားပြီးယင်း အတိုင်းသုံးသွားပါ။အကယ်၍Facebook သို့မဟုတ် Google account သုံးသည်ဟုဆိုလျှင်မိမိ၏profile အချို့အားWeeblyကရယူအသုံးပြုခွင့်ပေးရ ပါမည်။ယင်းကိုလက်ခံနိုင်မည်ဟုဆိုလျှင်agree ဟုခေါ်သောနေရာကို တစ်ချက် ခေါက်ပြီးရှေ့ဆက်နိုင်သည်။လက်မခံနိုင်ဟုဆိုလျှင်Weebly အတွက် သီးခြားProfile ဖြင့်သီးခြားaccount လုပ်ခြင်းကပို၍အဆင်ပြေ ပါမည်။

account အသစ်တစ်ခုကိုစတင်အသုံး ပြုနိုင်ရန်အတွက် (အင်တာနက် လိုင်းကောင်းလျှင်) စက္ကန့်အနည်းငယ်သာကြာပါမည်။Signin ဖြင့် မိမိ၏ Weebly account ထံသို့ဝင်ပြီးပြီဆိုလျှင်အလွန်ပျော်စရာကောင်းသော Website ဖန်တီးခြင်းအလုပ်ကိုစတင်နိုင်ပါပြီ။Website တစ်ခုစတင်ရန် အတွက်ပထမဆုံးTheme တစ်ခုကိုရွေးရပါမည်။Theme သည်မိမိWebsite အတွက်အမာခံအသက်သွေးကြောဖြစ်သည်။ထို့ကြောင့်မိမိတင်ပြလိုသည့်အကြောင်းအရာပေါ်မူတည်ပြီးဆီလျော်ညီညွတ်မည့်Theme ကိုရွေးရပါမည်။ ရွေးပြီးနောက်ပိုင်း ပြုပြင်လိုသည်များရှိခဲ့လျှင်လည်းမိမိ၏လိုအပ်ချက်ကို လိုက်၍ ရှုထောင့်ပေါင်းစုံမှ ပြုပြင်နိုင်စွမ်းရှိပါသည်။ယင်း၏ နောက်တစ်ဆင့် မှာTemplate ဖန်တီးသည့်အဆင့်ဖြစ်သည်။သင့်တင့်လျှောက်ပတ်သော အင်တာနက်အမြန်နှုန်းရှိနေလျှင်မိမိ၏Webisteအတွက်Weeblyက



N<n အင်တာနက်အမြန်နှုန်းရှိနေလျှင်မိမိ၏Webisteအတွက်Weeblyက
Template တစ်ခုဖန်တီးပေးရန်တစ်မိနစ်ကျော်ကျော်သာအချိန်ယူပါသည်။ Webisteတွင်ပေါ်စေလိုသောစာသားတစ်စုံတစ်ရာရှိပါကWeeblyသို့အီးမေးလ်ဖြင့်စာပို့နိုင်သည်။သို့တည်းမဟုတ်ဖုန်းပေါ်မှWeebly app ကိုဖွင့်ပြီး နောင်လိုလျှင်ကိုးကားသုံးနိုင်ရန်ယင်းစာသားကိုရေးကာSaveလုပ်ထားနိုင် သည်။မိမိအလိုရှိသောTemplate တစ်ခုဖန်တီးပြီးသည့်အခါယင်းထဲရှိ အရာ များမည်သို့မည်ပုံအလုပ်လုပ်မည်ဟူသောသဲလွန်စကိုWeeblyကပေးပါမည်။Weeblyကဦးစွာပေးမည်မှာအခြေခံအဆင့်user interface ဖြစ်ပါသည်။ ယင်းထဲတွင်website တစ်ခုပြုလုပ်ရန်အခြေခံလိုအပ်မည့်အချက်အလက် အားလုံး ပြည့်စုံစွာပါ၀င်ပါသည်။Head line box နေရာတွင်နှစ်ချက်ခေါက်ပြီး မိမိထည့်သွင်းလိုသောHead line ကိုထည့်သွင်းပေးပါ။ယင်းအလုပ်ကိုtext editor ဖွင့်ပြီး ပြုလုပ်ပေးရပါမည်။

သတိထားရမည့်အချက်တစ်ခုမှာမတူညီသောTemplate အမျိုးမျိုး အတွက် edit လုပ်နိုင်သောရှုထောင့်များလည်းကွဲလွဲမည်ဖြစ်ရာTemplate တစ်မျိုး တွင် ပြုလုပ်နိုင်သမျှအရာတိုင်းသည်ကျန်သည့်Template များတွင်ပြုလုပ်၍ ရချင်မှရမည်ဆိုသည့်အချက်ဖြစ်သည်။headline အတွက်စာသားကို ပြောင်းလဲသည့်နည်းလမ်းအတိုင်းbuttom text ကိုနှိပ်ပြီးheader အတွက် ထပ်မံဖြည့်သွင်းလိုသည့်စာသားများရှိလျှင်ထပ်မံဖြည့်သွင်းနိုင်သည်။
Text editorကိုသုံး၍link များ ပြုလုပ်သည့်အခါမိမိ၏webisteအတွင်းရှိpage များအားlink ချိတ်ပေးသလို ပြင်ပရှိwebisteများနှင့်လည်းlink ချိတ်ပေးနိုင် သည်။ ပြင်ပwebsite များနှင့်link ချိတ်မည်ဆိုလျှင်editor ထဲ၌မိမိချိတ်လို သည့် webisteလိပ်စာကိုထည့်ပေးလိုက်ပါ။ကျန်သည့်အပိုင်းကိုweeblyက သူ့ဘာသာပြုလုပ်ပေးသွားပါလိမ့်မည်။မိမိ၏websiteအတွင်းရှိpageများကို
link ချိတ်ပေးရန်အတွက်မိမိချိတ်လိုသောpage ကိုရွေးချယ်ပေးရုံသာ ရှိပါသည်။Header ကိုမိမိစိတ်ကြိုက်ဖန်တီးပြီးသောအခါယင်းအောက်မှbody text ဖန်တီးရမည့်အချိန်ရောက်လာပါပြီ။ +icon ကိုတစ်ချက်နှိပ်ပါ။ မိမိ၏ page အတွင်းထည့်သွင်း၍ရနိုင်သည့်element များကိုလာ၍ဖော်ပြပေး ပါမည်။ အချို့အရာများမှာအခကြေးငွေပေး၍ဝယ်ယူအသုံးပြုရမည် ဖြစ်သော်လည်းကြည့်ပျော်ရှုပျော်website တစ်ခုဖြစ်ရန်အခမဲ့ပေးထားသော element လည်းအတော်များများရှိပါသည်။မိမိရွေးချယ်သောtemplate အပေါ်မူတည်ပြီးမိမိ၏site အတွင်းထည့်သွင်းနိုင်မည့်content များအတွက် parameter များသတ်မှတ်ပေးထားပါသည်။

Theme အပေါ်မူတည်ပြီးထည့်သွင်းနိုင်မည့်font အပါအဝင်အခြားသော အရာများကွဲလွဲမှုမရှိနိုင်ပါ။မိမိထည့်ပြီးသောစာသားနေရာတွင်အခြားသော စာသားများထည့်သွင်းနိုင်ရန်အတွက်မိမိပြင်လိုသောနေရာရှိစာသားများကို drag ဆွဲပြီးselect လုပ်ပါ။text icon ကိုနှိပ်ပြီးစာသားများကိုပြောင်းလဲပါ။ drag and drop သည်weebly၏အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည်။
+menu ကိုနှိပ်ပြီးမိမိထည့်သွင်းလိုသောအရာကိုရွေးချယ်ပါ။ ယင်းနောက် page အတွင်းမိမိထားလိုသောနေရာ၌ယင်းကိုထားလိုက်ပါ။ဥပမာပြရမည် ဆိုလျှင်image box ကိုdrag ဖိပြီးဆွဲပါ။မိမိပြလိုသောနေရာတွင် ယင်းပုံရိပ် ကိုထားပြီးdrop ချလိုက်ပါ။သို့သော်drag and drop လုပ်ငန်းစဉ်အတွက် ရွေးချယ်ခွင့်ပေးထားခြင်းမျိုးရှိနိုင်ပါသည်။Website တစ်ခုကိုစတင်နိုင်ရန် အတွက်မတူညီသောpage သုံးမျိုးရရှိပါမည်။ယင်းpage တစ်ခုစီကိုedit လုပ်ရန်လိုကောင်းလိုနိုင်သည်။screen ၏ထိပ်ဘက်ပိုင်းတွင်ရှိသောpage icon ကိုခေါက်ပြီးpage အသစ်များထည့်သွင်းနိုင်သည်။အလားတူပင် မိမိ၏page အမည်များကိုပြောင်းလဲနိုင်သည်။ယင်းpage တို့သည်drop-down menu တစ်ခုကိုသုံးပြီးအချင်းချင်းအလိုအလျောက်ချိတ်ဆက် ထားပါသည်။website အတွက်လိုအပ်သည်များကို ဖြည့်သွင်းပြီးပြီ ဆိုသည့် အခါscreen ၏အပေါ်ဘက်တွင်မြင်နေရသောpreview button ကိုတစ်ချက် ခေါက်ပြီးwebsite ၏အပြင်အဆင်ကိုကြည့်ပါ။ယင်းwebsite သည်Desktop ကွန်ပျူတာပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း၊ mobile device ပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း ပြသပေး ပါမည်။မျက်စိရှေ့တွင် မြင်ရသည့်အပြင်အဆင်အားလုံးကိုကြိုက်ပြီဆိုလျှင်publish button ကိုနှိပ်ပြီး အွန်လိုင်းတင်နိုင်သည်။အခမဲ့အွန်လိုင်းတင်ခွင့်ရှိသည့်အပြင်website လိပ်စာ (URL) တစ်ခုကိုပါဖန်တီးပေးခြင်းမှာWeebly၏ချစ်စရာစွမ်းဆောင်ရည် ဖြစ်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



DECEMBER

Android Debug Bridge (ADB) အကြောင်း နှင့် ADB Command သုံးပုံသုံးနည်းများ

Android Debug Bridge (ADB) အကြောင်း နှင့် ADB Command သုံးပုံသုံးနည်းများ

ကဲ… ဒီနေ့တော့ Android ရဲ့အခြေခံဖြစ်တဲ့ ADB Command အကြောင်းနည်းနည်းရှင်းပြမယ်နော်။
ADB ဆိုတာကတော့ Android Debug Bridge လို့ခေါ်ပါတယ်။
ADB သည် command line ပေါ်မှာအခြေခံတဲ့ Tool ဖြစ်ပါတယ်။ ADB Command များကိုအသုံးပြုရန် ကွန်ပျူတာမှာ ADB Folder ရှိရပါမယ်။ မရှိသေးရင်အောက်က link မှာရယူပါ။                                                     

                                                    ADB Folder အားရယူရန်

ADB Command မှလုပ်ဆောင်ပေးနိင်တဲ့အချက်များ
———————————————
-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။

———————————————
ADB Command ရိုက်ဖို့ လိုအပ်ချက်များ
———————————————–
ADB Tool folder တစ်ခု( ဖိုင်လေးဖိုင်ပါရမယ်)
-ဖုန်းကို USB Debugging on ထားရန်လို (Setting> Developer Options > USB Debugging ကို
enable လုပ်
-ဖုန်းရဲ့သက်ဆိုင်ရာ driver ကိုကွန်ပျူတာ မှာသွင်းထားရမယ်။
-ဖုန်းနဲ့ကွန်ပျူတာ ကို USB ကြိုးဖြင့်ချိတ်ဆက်ထားရန်
———————————

ADB Command ကိုဘယ်လိုရိုက်ရမလဲ?
———————————————
- ADB Tool folder ထဲလွတ်နေတဲ့ နေရာလွတ်နေရာမှာ pointer cursor ချ ၊
shift key + right click နဲ့တွဲနှိပ်။ Open Common Windows Here ဆိုတာပေါ်လာမယ်။
Open Common Windows Here ထဲကိုဝင်လိုက်ရင် CMD Screen ပေါ်လာမယ်။
ဒါဆိုရင် ADB Command စရိုက်ဖို့အသင့်ဖြစ်ပါပြီ။
——————————————–

Useful ADB Commands
——————————–
Command 1 (ဖုန်းက ကွန်ပျူတာမှာချိတ်ထားတာကိုသိ/မသိ စစ်ချင်ရင်)
—————————-
adb devices
—————————-
Command 2 ( ဖုန်းက root လုပ်ထား/မထားကိုစစ်ချင်ရင်)
——————————–
adb shell su
——————————
Command 3 ( ဖုန်းကို ကွန်ပျူတာကနေ တိုက်ရိုက် reboot ချချင်ရင်)
——————————–
adb reboot
——————————–
Command 4 ( ဖုန်းရဲ့ recovery mode ထဲကို adb command သုံးပြီးဝင်ချင်ရင်)
——————————-
adb reboot recovery
——————————
Command 5 (ဖုန်းထဲကို ဆော့ဝဲ/ဂိမ်းသွင်းချင်ရင်)
——————————
adb install facebook.apk
—————————–
Command 6 ( ဖုန်းထဲကရှိနေပြီးသားဆော့ဝဲနေရမှာ ယင်းဆော့ဝဲကိုထပ်သွင်းချင်ရင်)
——————————
adb install -r facebook.apk
-r means reinstall
——————————-
Command 7 (ဆော့ဝဲကို ဖုန်းထဲမှာမသွင်းဘဲ ဖုန်းရဲ့ sd card ထဲမှာရွှေ့ပြီး install လုပ်ချင်ရင်)
——————————-
adb install -s facebook.apk
——————————–
Command 8 (ဖုန်းထဲကဆော့ဝဲကို uninstall လုပ်ချင်ရင်)
————————————-
adb uninstall com.facebook.katana
————————————
Command 9 (ကွန်ပျူတာထဲကဖိုင်ကို ဖုန်းရဲ့ Directory/storage ထဲကိုလှမ်းထည့်ချင်ရင်)
—————————————
adb[space]push[space][file name.file extension][space]/[Mobile Directory]/[File name.file extension]
adb push update.zip /sdcard/update.zip
adb push proxy.apk /sdcard/proxy.apk
adb push mypic.jpg /sdcard/mypic.jpg
—————————————–
Command 10 (ဖုန်းထဲကဖိုင်ကို ကွန်ပျူတာထဲကိုလှမ်းထုတ်မယ်)
———————————————————
adb pull /sdcard/proxy.apk C:\Users\smartboy\Desktop\proxy.apk
Command 11 (Fastboot ကို ကွန်ပျူတာကနေ၀င်ချင်ရင်)
————————————————————
adb reboot bootloader
———————————————————–
Command 12 (ဖုန်းတွင်း system partition ရဲ့ partition block ဖော်ကြည့်ချင်ရင်)
———————————————————
adb shell cat /proc/partitions
adb[space]shell[space]cat[space]/proc/partitions
ကဲ… ဒီလောက်ဆိုရင် ADB Command များနဲ့အသုံးပြုပုံအကြောင်းကို သိရှိကြပြီလို့ထင်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)

refer link http://www.myanmarmobileapp.com/?p=42078

နေ ဖြိုးကျော် at 9:08:00 AM

Credit to မူရင်း link



DECEMBER

CMD activate for window 7

ဆရာ​တွေ​တော့ ဆိုက်​ကားစီးသွားကြ​(ကျော်​ခွသွား)​ပေါ....
ခုမှစသိချင်​​သူ​တွေအတွက်​ပါ...

Activator မသုံးဘဲ Windows 7 ကို Activate ဖြစ်အောင်လုပ်နည်း

Windows 7 genuine problem ကို Windows 7 အသုံးပြုသူများ user အများစု ကြုံဖူးကြပါမယ်.. ဒီ Problem နဲ့ ကြုံလာရင်တော့ အများစုဟာ Activator ကို အသုံးပြုကြပါတယ်.. ဒီနည်းက Activator မလိုဘဲ Activate ဖြစ်အောင်လုပ်တဲ့နည်းပါ

သိပြီးသားသူများရှိရင်လည်း ခွင့်လွှတ်ပါ..

1. ကီးဘုတ်က Win Key + R ကို တွဲနှိပ်ပြီး ပေါ်လာတဲ့ ဘောက်ထဲမှာ cmd ဟုရိုက်ထည့်ဲ့ပါ

2. ပေါ်လာတဲ့ CMD Box ထဲမှာ SLMGR -REARM လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..

ဒါဆိုရင်တော့ Windows 7 လေးဟာ Genuine ဖြစ်သွားပါပြီ... အဆင်ပြေပါစေ.

Ref & Credit  =>မောင်ပေါက်



DECEMBER

Samsung secret code

အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်တွေကိုသိချင်တဲ့ မိတ်ဆွေတွေအတွက်ဗဟုသုတရအောင်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျ.
အားလုံးကိုအင်္ဂလိပ်လိုဖတ်ပေးကြပါခင်ဗျာ။အင်္ဂလိပ်လိုရေးထားပေမယ့် သိပ်အခက်အခဲကြီးလည်းမဟုတ်တဲ့ 
အတွက်မြန်မာလိုရေးမပေးထားတာကိုခွင့် လွတ်ပေးပါ။တစ်စုံတစ်ရာမေးမြန်းချင်တယ်ဆိုရင်တော့ 
အောက်ကလိပ်စာမှာမေးကြည့် နိုင်ပါတယ်။

Software version: *#9999#
IMEI number: *#06#
Serial number: *#0001#
Battery status- Memory capacity : *#9998*246#
Debug screen: *#9998*324# - *#8999*324#
LCD kontrast: *#9998*523#
Vibration test: *#9998*842# - *#8999*842#
Alarm beeper - Ringtone test : *#9998*289# - *#8999*289#
Smiley: *#9125#
Software version: *#0837#
Display contrast: *#0523# - *#8999*523#
Battery info: *#0228# or *#8999*228#
Display storage capacity: *#8999*636#
Display SIM card information: *#8999*778#
Show date and alarm clock: *#8999*782#
The display during warning: *#8999*786#
Samsung hardware version: *#8999*837#
Show network information: *#8999*638#
Display received channel number and received intensity: *#8999*9266#

*#1111# S/W Version
*#1234# Firmware Version
*#2222# H/W Version
*#8999*8376263# All Versions Together
*#8999*8378# Test Menu
*#4777*8665# GPSR Tool
*#8999*523# LCD Brightness
*#8999*377# Error LOG Menu
*#8999*327# EEP Menu
*#8999*667# Debug Mode
*#92782# PhoneModel (Wap)
#*5737425# JAVA Mode
*#2255# Call List
*#232337# Bluetooth MAC Adress
*#5282837# Java Version

Type in *#0000# on a Samsung A300 to reset the language
Master reset(unlock) #*7337# (for the new samsungs E700 x600 but not E710)
Samsung E700 type *#2255# to show secret call log (not tested)
Samsung A300, A800 phone unlock enter this *2767*637#
Samsung V200, S100, S300 phone unlock : *2767*782257378#
#*4773# Incremental Redundancy
#*7785# Reset wakeup &amp; RTK timer cariables/variables
#*7200# Tone Generator Mute
#*3888# BLUETOOTH Test mode
#*7828# Task screen
#*#8377466# S/W Version &amp; H/W Version
#*2562# Restarts Phone
#*2565# No Blocking? General Defense.
#*3353# General Defense, Code Erased.
#*3837# Phone Hangs on White screen.
#*3849# Restarts Phone
#*7337# Restarts Phone (Resets Wap Settings)
#*2886# AutoAnswer ON/OFF
#*7288# GPRS Detached/Attached
#*7287# GPRS Attached
#*7666# White Screen
#*7693# Sleep Deactivate/Activate
#*2286# Databattery
#*2527# GPRS switching set to (Class 4, 8, 9, 10)
#*2679# Copycat feature Activa/Deactivate
#*3940# External looptest 9600 bps
#*4263# Handsfree mode Activate/Deactivate
#*2558# Time ON
#*3941# External looptest 115200 bps
#*5176# L1 Sleep
#*7462# SIM Phase
#*7983# Voltage/Freq
#*7986# Voltage
#*8466# Old Time
#*2255# Call Failed
#*5376# DELETE ALL SMS!!!!
#*6837# Official Software Version: (0003000016000702)
#*2337# Permanent Registration Beep
#*2474# Charging Duration
#*2834# Audio Path (Handsfree)
#*3270# DCS Support Activate/Deactivate
#*3282# Data Activate/Deactivate
#*3476# EGSM Activate/Deactivate
#*3676# FORMAT FLASH VOLUME!!!
#*4760# GSM Activate/Deactivate
#*4864# White Screen
#*7326# Accessory
#*7683# Sleep variable
#*3797# Blinks 3D030300 in RED
#*7372# Resetting the time to DPB variables
#*3273# EGPRS multislot (Class 4, 8, 9, 10)
#*7722# RLC bitmap compression Activate/Deactivate
#*2351# Blinks 1347E201 in RED
#*2775# Switch to 2 inner speaker
#*7878# FirstStartup (0=NO, 1=YES)
#*3838# Blinks 3D030300 in RED
#*2077# GPRS Switch
#*2027# GPRS Switch
#*0227# GPRS Switch
#*0277# GPRS Switch
#*22671# AMR REC START
#*22672# Stop AMR REC (File name: /a/multimedia/sounds/voice list/ENGMODE.amr)
#*22673# Pause REC
#*22674# Resume REC
#*22675# AMR Playback
#*22676# AMR Stop Play
#*22677# Pause Play
#*22678# Resume Play
#*77261# PCM Rec Req
#*77262# Stop PCM Rec
#*77263# PCM Playback
#*77264# PCM Stop Play
#*22679# AMR Get Time
*#8999*364# Watchdog ON/OFF
*#8999*427# WATCHDOG signal route setup
*2767*3855# = Full Reset (Caution every stored data will be deleted.)
*2767*2878# = Custom Reset
*2767*927# = Wap Reset
*2767*226372# = Camera Reset (deletes photos)
*2767*688# Reset Mobile TV
#7263867# = RAM Dump (On or Off)
*2767*49927# = Germany WAP Settings
*2767*44927# = UK WAP Settings
*2767*31927# = Netherlands WAP Settings
*2767*420927# = Czech WAP Settings
*2767*43927# = Austria WAP Settings
*2767*39927# = Italy WAP Settings
*2767*33927# = France WAP Settings
*2767*351927# = Portugal WAP Settings
*2767*34927# = Spain WAP Settings
*2767*46927# = Sweden WAP Settings
*2767*380927# = Ukraine WAP Settings
*2767*7927# = Russia WAP Settings
*2767*30927# = GREECE WAP Settings
*2767*73738927# = WAP Settings Reset
*2767*49667# = Germany MMS Settings
*2767*44667# = UK MMS Settings
*2767*31667# = Netherlands MMS Settings
*2767*420667# = Czech MMS Settings
*2767*43667# = Austria MMS Settings
*2767*39667# = Italy MMS Settings
*2767*33667# = France MMS Settings
*2767*351667# = Portugal MMS Settings
*2767*34667# = Spain MMS Settings
*2767*46667# = Sweden MMS Settings
*2767*380667# = Ukraine MMS Settings
*2767*7667#. = Russia MMS Settings
*2767*30667# = GREECE MMS Settings

*#7465625# = Check the phone lock status
*7465625*638*Code# = Enables Network lock
#7465625*638*Code# = Disables Network lock
*7465625*782*Code# = Enables Subset lock
#7465625*782*Code# = Disables Subset lock
*7465625*77*Code# = Enables SP lock
#7465625*77*Code# = Disables SP lock
*7465625*27*Code# = Enables CP lock
#7465625*27*Code# = Disables CP lock
*7465625*746*Code# = Enables SIM lock
#7465625*746*Code# = Disables SIM lock
*7465625*228# = Activa lock ON
#7465625*228# = Activa lock OFF
*7465625*28638# = Auto Network lock ON
#7465625*28638# = Auto Network lock OFF
*7465625*28782# = Auto subset lock ON
#7465625*28782# = Auto subset lock OFF
*7465625*2877# = Auto SP lock ON
#7465625*2877# = Auto SP lock OFF
*7465625*2827# = Auto CP lock ON
#7465625*2827# = Auto CP lock OFF
*7465625*28746# = Auto SIM lock ON
#7465625*28746# = Auto SIM lock OFF

Type *#9998*627837793# Go to the 'my parameters' and there you will find new menu where you can unlock phone.(not tested-for samsung C100)
To unlock a Samsung turn the phone off take the sim card and type the following code *#pw+15853649247w# .
Java status code: #*53696# (Samsung X600)

If you want to unlock your phone put a sim from another company then type *#9998*3323# it will reset your phone. Push exit and then push 7, it will reset
again. Put your other sim in and it will say sim lock, type in 00000000 then it should be unlocked. Type in *0141# then the green call batton and it's unlocked
to all networks. This code may not work on the older phones and some of the newer phones. If it doesn't work you will have to reset your phone without a sim
in it by typing *#2767*2878# or *#9998*3855# (not tested)

>>> Owner <<<
http://mmitsharing.blogspot.com/2015/02/samsung-secret-code.html



DECEMBER

ကိုဖြိုးချမ်း MMSD ရဲ့ Web anf Blog creation

Web Site (Blog) တစ်ခုဘယ်လိုတည်ဆောက်ကျသလဲ ??
=========================================

Website တစ်ခုတည်ဆောက်တဲ့အခါ တစ်ခုနဲ့တစ်ခုမတူညီကျပါဘူး။  

Google မှာ တစ်ခုခု Search လိုက်တာနဲ့ Website  ပေါင်းများစွာ တွေ့ရပေမဲ့

အဲ့ Website တွေရဲ့တည်ဆောက်ပုံတွေဟာတစ်ခုခုနဲ့မတူညီကျပါဘူး။ HTML

CSS Javascript အစရှိတာနဲ့မသိနားမလည်လဲ ကိုယ်ပိုင်  blog  တစ်ခုကို

Forum တစ်ခုခုကိုလွယ်လွယ်နဲ့တည်ဆောက်နိုင်ကျပါတယ်။

Google Blogger ဖြင့် Blog တည်ဆောက်ခြင်း
===============================

တော်တော်များများတည်ဆောက်ကျတာကိုတွေ့ရပါတယ်။ ဘာကြောင့်အသုံများ

လဲဆိုတော့ Google ရဲ့  Server  ပေါ်မှာအခမဲ့

တည်ဆောက်ခွင့်ရရှိတာကြောင့်ပါ။ တည်ဆောက်ရတာ လွယ်ကူတယ်.

https://www.blogger.com/ မှာ

အကောင့်ဖွင့်ရုံနဲ့ (Gmail ရှိပြီးသားဖြစ်ရပါမယ်)

ကိုယ်ပိုင်  Blog လေး ရရှိလာမှာဖြစ်ပါတယ်။ Blog အတွက် Free Template

လေးရှာဖွေပြီးအလွယ်တကူထည့်သွင်းနိုင်သလို Gadgets လေးတွေကို

အခမဲ့ရှာဖွေထည့်သွင်းနိုင်ပါသေးတယ်။  မိမိရဲ့ Blog Domain  နာမည်မှာ

blogspot.com လိုပါနေပေမဲ့ ကိုယ်ပိုင် Domain တစ်ခုဝယ်ယုပြီး

ပြောင်းလဲနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ (ကျွှန်တော်အမြင်)

Google Server  ပေါ်မှာဖြစ်တဲ့အတွက် ကိုယ်ပိုင်မဟုတ်ဘူးလို့ခံစားရပါတယ်။

ဘယ်အချိန်ပိတ်မှန်းမသိတဲ့ Data   တွေဆုံးရူံးမှာကြောက်တာပေါ့။

ဘယ်လိုလူတွေအသုံးများလဲဆိုတော့ Online မှာစာသီးသန့်ရေးချင်တဲ့သူတွေ

အတွက်အသုံးဝင်ပါတယ်။  Web Technology  ကို သီးသန်လေ့လာစရာ

မလိုအပ်တော့ပဲ အလွယ်တကူအသုံးပြုနိုင်ပါတယ်။

CMS  များဖြင့် Blog,Forum များတည်ဆောက်ခြင်း
==================================

CMS ဆိုတာကတော့ Content management system လို့ခေါ်ပြီး အသင့်သုံး

Web App တွေကိုဆိုလိုတာပါ။ CMS တွေကို အသုံးပြုဖို့အတွက်ကတော့

မိမိကိုယ်ပိုင် Web Hosting တစ်ခုရှိရပါမယ်။ Shared Hosting ကိုအသုံးပြူတာ

များပါတယ်။ Shared Hosting ဆိုတာကတော့ Server တစ်ခုကို အတူတူတကွ

မျှဝေအသုံးကျတာမျိုးကိုဆိုလိုတာပါ။ ဥပမာ ပေးရမယ်ဆိုရင်တော့ တိုက်ခန်း

တစ်ခန်းကို အခန်းလေးတွေခွဲပြီးမျှဝေအသုံးပြုသလိုမျိုးပေါ့။ အခန်းတစ်ခု

ပြသာနာတက်တာနဲ့ကျန်အခန်းတွေပါ အခြေအနေမကောင်းဘူးပေါ့ဗျာ။

ဒီအပြင်အခြား VPS Server ၊ Dedicated server များမှာလဲ

အသုံးပြူနိုင်ပါသေးတယ်။  Shared Hosting ကတော့ ဈေးသက်သာတယ်။

နှစ်စဉ်ကြေး 40$ ၀န်းကျင်လောက်ဆိုအသုံးပြုနိုင်သည့်အပြင် Control Panel

(CP Panel) ပါပြီးသားဖြစ်တဲ့ အတွက်အသုံးပြုရလွယ်ကူပါတယ်။

သာမန် Blogger  တစ်ယောက်အနေနဲ့ Wordpress,joomla အစရှိတဲ့ CMS

တွေကို One Click ဖြင့်  Install ပြုလုပ်နိုင်ပါတယ်။  subdomain ခွဲတာတွေ

အပြင်  Database အစရှိတာတွေကအစ အလွယ်တကူအသုံးပြုနိုင်တယ်။

Wordpress အသုံးပြုလိုပါက HTML,CSS,Java Script အစရှိတဲ့  Web

Technology တွေကိုနားလည်စရာမလိုပဲ လွယ်လွယ်အသုံးပြုနိုင်ပါတယ်။

Web Developer များအတွက်ကတော့  ပြုပြင်ရေးသားနိုင်ပါသေးတယ်။

Wordpress သွင်းမယ် ပြီးရင်  Free or Paid Themes လေးတွေရှာထည့်မယ်။

မိမိလိုအပ်တဲ့ Plugin  လေးတွေထည့်မယ်။ ဒါဆိုရင်စာကောင်းကောင်းရေးနိုင်

တဲ့ ကိုယ်ပိုင်  Blog  လေးအလွယ်တကူရနိုင်ပါတယ်။ C Panel ကနေ

Database Backup လုပ်တာတွေ Wordpress တစ်ခုလုံး  Backup  လုပ်တာ

တွေအလွယ်တကူလုပ်နိုင်တယ်။ကိုယ်ပိုင် Hosting  လေးဖြစ်လို့  ပိုပြီး

စိတ်ချမ်းသာတယ်လို့ဆိုနိုင်တယ်။ Forum  ကိုကော ဘယ်လို

တည်ဆောက်ကျမလဲ။ Forum CMS  တွေကလဲ  Wordpress CMS  လိုပဲ

အလွယ်တကူထည့်သွင်းနိုင်ရန် phpBB ၊ smf ၊ Discuz အစရှိတဲ့ Forum CMS

တွေဆို အခမဲ့ရနိုင်ပါတယ်။ Web Developer တွေရေးသားထားတဲ့ Mod တွေပါ

အလွယ်တကူ Download ရယူနိုင်ပါတယ်။ Front-end , Back-end

ဘာမှစဉ်းစားစရာမလိုပဲ အလွယ်တကူသုံးနိုင်တယ်။ Security  ပိုင်းတော့

သတိထားပေါ့ဗျာ။ Open Source CMS  တွေဖြစ်တဲ့ အတွက် အနည်းနဲ့အများ

Exploits တွေတော့ရှိမှာပါပဲ။ CMS ဆိုသုံးပြီးတော့ Member Ship Web Site

တွေ Gold  စနစ် Website  လေးတွေလုပ်နိုင်ပါတယ်။ Wordpress CMS

ကိုသုံးပြီး www.mmsdromfinder.com ကို တည်ဆောက်ထားတာပါ။

လိုအပ်တဲ့ Plugin တွေကိုရှာပြီး စမ်းသပ်တည်ဆောက်ကြည့်ပါ။

Framework များဖြင့် WebSite  များရေးသားခြင်း
=================================

ဒီအပိုင်းကတော့ သာမန်စာရေးချင်တဲ့သူတွေအတွက်အဆင်မပြေပါဘူး။

မိမိစိတ်ကြိုက်  Web တစ်ခုလုံးကို ပုံဖော်ရေးသားရမှာုဖြစ်တဲ့ အတွက်

Programming နားလည်ဖို့လိုအပ်ပါတယ်။ Framework တွေကလဲအများကြီး

ရှိပါတယ်။  php framework တွေဖြစ်တဲ့ Symfony ၊ CodeIgniter ၊ Laravel

တို့အပြင်အများကြီးရှိနေပါသေးတယ်။ ဒါ့အပြင်  Ruby On Rails  တို့  asp.net

တို့အဲ့ဟာတွေလဲရှိပါသေးတယ်။

Web တစ်ခုရေးဖို့အတွက်

လိုအပ်ချက်တွေကတော့

Front-end  (User  တွေရဲ့အမြင်အပိုင်းပေါ့

ဥပမာ -  Site ၀င်ဝင်ခြင်း  Pop up ပြတာတို့ Silde Show ပြတာတို့ အစရှိတာလေးတွေပေါ့)

Back-end (Slide Show ပြဖို့ပုံတွေကို  Database  ကထုတ်ပေးတာတို့ Front-end မှာတွေ့ရမဲ့ စာတွေပုံတွေကို ထုတ်ပေးတာမျိုးတို့ပေါ့)

Front-end မှာ ဘာ Language တွေနဲ့ရေးကျသလဲ
====================================

Front-end မှာတော့ HTML ၊ CSS ၊ Java Script   အစရှိတာနဲ့ပေါင်းစပ်ပြီး

ရေးသားရပါတယ်။ HTML အနေနဲ့ button တွေ table  တွေအစရှိတာတွေ

ရေးမယ် ပြီးရင် CSS  နဲ့အလှဆင်မယ်။ Javascript  နဲ့  Progress Loading 

တို့ Real Time ပြချင်တာကို  User ကို ပြမယ်။ Browser ကို Refresh မလုပ်ပဲ

တစ်ခုခုပြီးလုပ်ဆောင်တာမျိုးပေါ့။ ဥပမာ Pcloud  တို့ Mediafire  တို့မှာ

Browser ကို   Refresh လုပ်စရာမလိုပဲ အကုန်နီးပါးပြူလုပ်လို့ရတယ်။

Front-end Framework  အနေနဲ့ ကျွှန်တော်အသုံးပြူတာကတော့ bootstrap

သုံးတယ်။ အခြားအသုံးပြုနိုင်တာကတော့ Foundation ၊ Sementic UI ၊ 

Pure By Yahoo ၊ အစရှိတာတွေရှိပါသေးတယ်။ Java Script Framework

တွေလဲအများကြီးရှိပါတယ်။ Angular.js,React,Polymer,Ember.js,Vue.js

အများကြီးပဲ ဘာရွေးရမလဲ မသိသေးဘူး :3

Back-End Technology
=================

Back-end မှာကတော့ ကျွှန်တော်သုံးတာ Laravel Framework ပါ။ php

framework အမျိုးအစားဖြစ်တယ်။ အခုလက်ရှိလဲ လူသုံးများတဲ့ Framework

အမျိုးအစားပါ။ Composer ကနေ မိမိလိုအပ်တဲ့

package လေးတွေသွင်းနိုင်တယ်။ artisan command တွေနဲ့ 

database migrate၊crud၊ လုပ်ရတာအဆင်ပြေတယ်။ Shared Hosting ထက်

Vps Server မှာပိုပြီးအဆင်ပြေတယ်။ ကိုယ်စိတ်ကြိုက်ရေးလို့ရတဲ့

အတွက် CMS  တွေထက်စိတ်တိုင်းကျမယ်။

www.wheremyfirwmare.com က  Laravel နဲ့ရေးထားတာပါ။ Front-end

နဲ့ javascript အားနည်းနေပါသေးတယ် :(

ဒါကတော့ Web အပိုင်းသိသလောက် ပြောပြပေးတာပါ။

Web စတင်လေ့လာတဲ့ လူတစ်ယောက်က ဘာကိုစပြီးလေ့လာရမှန်းမသိတာ

တော်တော်ဆိုးပါတယ်။ Android ၊ ios ၊ Desktop App  Programming

တွေကိုလေ့လာတဲ့သူတွေက IDE  တစ်ခုပေါ်မှာ UI  ဆောက်တာကအစ App

  Web ကတော့ ဘယ်ကစလေ့လာရမလဲ

မသိတာများတယ်။ ကျွှန်တော်လဲလေ့လာဆဲဆိုတော့ ပြန်ပြီး Share  ပေးတာပါ။



Credit.ရေးသားသူ - ဖြိုးချမ်း (MMSD)

https://www.facebook.com/phyo.chan.12



DECEMBER

China phone reset code

China Phone Reset Code
====================

  1.*#987*99#
  2.*#77218114#
  3 .*#881188#
  4. *#94267357#
  5.*#9426*357#
  6.*#19912006#
  7.*#118811#
  8.*#3646633#

Credit: Original Writer & Nga Soe



DECEMBER

Lenovo rom ​တွေ down ချင်​ရင်​​တော့

Lenovo Stock Rom All Models

 lenovo stock rom site 



DECEMBER

Huawei dload auto updater

Huawei ဖုန်းတွေ firmware တင်ဖို့ volume ခလုတ်ပျက်နေရင် dload ထဲကို   ဒီဖိုင်လေးထဲ့ပြီး power သာဖွင့်လိုက်ပါ auto ရေးသွားလိမ့်မယ် Download (200) B

Credit >>> Myo Koko Zaw အဆင်ပြေပါစေ.. Min Oke Kar (ဘီလူးကျွန်းသားလေး နည်းပညာ)


 download 



DECEMBER

Meizu Official firmware link

Meizu Official Firmware Download Link
မူရင်း တွေ ဒိုင်တွေ ပြန် လုပ်စားဖို့ သိမ်းထားကြ.

 http://www.flyme.cn/firmware 

Official site
 http://www.flymeos.com/firmware 

International site
 http://www.flyme.cn/en/firmware 

China
 http://www.flyme.cn/firmware.html 

Credit ပါ မူရင်းlink



DECEMBER

Hardware အသုံးဝင်​ pdf

Mobile Age မှ ကိုသန့်​ညီညီဘို ရဲ့site က​နေမလာတာပါ.H.W စိတ်ဝင်စား​​သမားများအတွက်
အ​ခြေခံ မီတာ အသုံးပြုနည်း၊Diagramဖတ်နည်း နှင့်
Phone Hardware ပြဿ      နာအဖြေရှာ အပိုင်း (၆) "

By ကိုထွန်းလင်း (ကသာ)

(PDF ပါ တစ်ခါထဲ လုပ်ပေးထားပါတယ် ။)
Credit ပါ မူရင်း link.

 PDF download 



DECEMBER

Sunday, April 24, 2016

MPPG ၏ mi note3 pattern lock remover by firmware update

Flashing Tutorial Guide For Redmi Note 3 Pro ( Brick )

Redmi Note 3 Pro ( Qualcomm ) အလုံးတွေမှာ

Pattern , Password တွေဘာတွေမေ့သွားလို့  Factory Data Reset ချဖို့ အတွက်ဆိုရင်

ဒီကောင်တွေမှာ Recovery Mode မပါတဲ့အတွက် ဒုက္ခရောက်ပါတယ်

အဲ့လိုအနေအထားမှာပဲဖြစ်ဖြစ် Firmware Update လုပ်လိုက်လို့  Bootloop ပတ်နေတာပဲဖြစ်ဖြစ်

မည်သည့်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် Redmi Note 3 Pro ( Qualcomm ) အလုံးတွေကို

Firmware ရေးဖို့ ဆိုရင် Qualcomm com port mode ကိုမဖြစ်မနေ ၀င်ပြီးမှ Mi Flashtool နဲ့ 

Firmware ရေးလို့ ရနိုင်မှာပါ အဲ့လိုအနေအထားမှာဆိုရင် adb သိနေတယ်ဆိုရင် ကိစ္စမရှိပါဘူး

adb command ကနေ ” adb reboot edl ” ဆိုတဲ့ command လေးရိုက်လိုက်ရင်တော့

com port mode qualcomm mode ကိုရောက်သွားမှာဖြစ်ပါတယ်

adb မသိတဲ့အနေအထားမှာဆိုရင်တော်တော် ဒုက္ခရောက်ပါတယ်

အဲ့လိုအနေအထားဖြစ်လာရင်တော့ အခုနည်းလမ်းလေးကတော့ အသုံးဝင်မှာပါဗျာ..

အရင်ဆုံးဖုန်းကို အဖုံးဖွင့်ပေးပါ  ဒီလိုလေးပေါ့ဗျာ…


P60422-170515

အဓိကလုပ်ရမယ်နေရာလေးကတော့ အောက်က usb ခေါင်းလေးနားကိုလုပ်ပေးရမှာပါ

လိုအပ်တာကတော့ ဇာဂနာလေးတခုရှိရင်ရပါပြီ

P60422-170624

ပုံမှာပြထားတဲ့အတိုင်း USB ခေါင်းအနောက်နားက ping လေး နှစ်ခုကိုထောက်ပေးပြီး usb ကြိုးထိုးလိုက်ရင်

ဖုန်းမှာ မီးအနီရောင်လေး မှိတ်တုတ် မှိတ်တုတ်လေး လင်းလာပြီး com port mode ကိုရောက်သွားပါလိမ့်မယ်…

usb ခေါင်းအနောက်က ping အားလုံးပေါင်းငါးခုရှိပါတယ် ပုံမှာပြထားတဲ့အတိုင်း ညာဘက်ထိပ်ဆုံးက ping လေးနဲ့ 

တတိယမြောက် ping လေးကို ဇာဂနာလေးနဲ့ ထောက်ပေးပါ ပြီးရင် ထောက်ထားတဲ့အတိုင်းလေး usb ကြိုးထိုးယုံပါပဲ..

အဲ့လိုလေးလုပ်လို့  Com port mode ကိုရောက်သွားရင်တော့ ကွန်ပြူတာမှာ ဒီလိုမျိုးလေးပြပေးပါလိမ့်မယ်

အဲ့အနေအထားရောက်ပြီဆိုရင်တော့ Firmware ရေးတဲ့လုပ်ငန်းစဉ် စတင်နိုင်ပါပြီခင်ဗျာ…

Firmware ရေးနည်းကိုတော့ ဒီလင့်မှာ ၀င်ရောက်ကြည့်နိုင်ပါတယ်ဗျာ…..

အားလုံးအဆင်ပြေကြပါစေဗျာ….

Special Thank To : မောင်ဖြိုး ( Regeneration Training Center )

ရေးသားသူ ညီပိုင် ( Regeneration Mobile Service & Training Center)


 for detail check 



DECEMBER